နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ဗြိတိသျှကောင်စီ၊ ပရီးမီးယားလိဂ်နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်တဲ့ ပရီးမီးယားစကေးဘောလုံးသင်တန်းမှာ သင်တန်းသား လေးဆယ်ကျော် တက်ရောက်ခဲ့တဲ့သတင်းပါ။ ဒီဘောလုံးသင်တန်းကို မေလ ၂၀ ရက်ကနေ ၂၆ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်တွေက နည်းပြတွေ သင်ကြားပေးခဲ့တာဖြစ်ပါတယ်။