ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ဦးထောင်ဘိုအ၀ိုင်းအနီးရှိ Dagon City 1 အဆင့်မြင့် အိမ်ယာစီမံကိန်းသို့ Marga landmark မှ စက်တင်ဘာလ ၂၃ရက်နေ့တွင် ပထမဆုံးအနေနှင့် ခေါ်ယူပြီး ယင်းတို့စီမံကိန်းနှင့်ပတ်သတ်၍ ရှင်းလင်းပြသ ခဲ့သည်။
ယင်းစီမံကိန်းကို ၂၀၁၄ခုနှစ်၊ဇွန်လအကုန်တွင် စတင်ခဲ့ပြီး ပြည်တွင်းက သုခရတနာကုမ္ပဏီနှင့် ဟောင်ကောင်အခြေစိုက် Marga Landmark ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး တည်ဆောက်နေခြင်းဖြစ်သည်။
ရင်းနှီးမြှပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၃၀၀)နီးပါးကုန်ကျ မည်ဖြစ်ပြီး အထပ်မြင့် ၁၀(သို့မဟုတ်) ၁၂ ထပ်အထိတည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီကလည်း ခွင့်ပြုခဲ့ပြီးဖြစ်သည် ဟုသိရသည်။