မြန်မာ-အာဆီယံ အမျိုးသမီးများ ဖိုရမ်မှာ ဘာတွေဆွေးနွေးကြမလဲ ...

2017-06-20 1

၂၀၁၄ ခုနှစ် မြန်မာ-အာဆီယံ အမျိုးသမီးများဖိုရမ်ကို လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့တဲ့ ၆ ရက်နေ့တွေမှာ နေပြည်တော်နဲ့ ရန်ကုန်မြို့မှာ ကျင်းပသွားတော့မှာဖြစ်ပါတယ်။
အာဆီယံဥက္ကဌတာဝန်ကို ထမ်းဆောင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများဖိုရမ်ကို ၂ ကြိမ် ကျင်းပရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ပထမတစ်ကြိမ် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၂၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အခုကျင်းပမယ့် မြန်မာ-အာဆီယံအမျိုးသမီးများဖိုရမ် ၂၀၁၄ ကို အစိုးရကနေ အပါအ၀င် လူမှုရေးအသိုက်အ၀န်းဆိုင်ရာ အမျိုးသမီးဖိုရမ်နဲ့ ပြင်သစ်သံရုံးတို့က ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။
မကြာခင်မှာ ကျင်းပမယ့် အမျိုးသမီးဖိုရမ်မှာ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးမလဲ၊ ဘာတွေ ပါဝင်လာမလဲ စတဲ့ အချက်တွေကို သိနိုင်ဖို့အတွက် သတင်းထောက် ပေါ်တီယာ လာလီရဲ့ တွေ့ဆုံမေးမြန်းချက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီတွေ့ဆုံမေးမြန်းမှုမှာ ဖြေကြားပေးမှာကတော့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် မစ္စတာ သယ်ရီ မက်သူး နဲ့ လူမှုစီးပွား အမျိုးသမီးများဖိုရမ်ရဲ့ အမှုဆောင်အရာရှိချုပ် မစ္စ ဂျက်ကိုလိန်း ဖရန်ဂျိုးတို့ပဲဖြစ်ပါတယ်။

Videos similaires