ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာရှိတဲ့ နေရာ(၁၀)ခုမှာ ကော်ဖီဆိုင် (၁၀)ဆိုင်ဖွင့်လှစ်ဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒီအတွက်လည်း ဒီဇင်ဘာလ(၂၂)ရက်နေ့က အိတ်ဖွင့်တင်ဒါစနစ်နဲ့ ကော်ဖီဆိုင်(၁၀)ဆိုင်ကို ဖွင့်လှစ်ဖို့ ရွေးချယ်ခဲ့တာ လည်းဖြစ်ပါတယ်။
အခုလိုလုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ၂၀၁၅ခုနှစ်ထဲမှာ စတင်လုပ်ကိုင်ရမှာဖြစ်ပြီး တင်ဒါအောင်တဲ့လုပ်ငန်း ရှင်တွေက လေထိုးကျွတ်ဖာလုပ်ငန်းကိုပါ ကော်ဖီဆိုင်လုပ်ငန်းနဲ့တွဲဘက်ပြီး လုပ်ကိုင်ရမှာဖြစ်တယ်လို့လည်း ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတစ်ဦးကပြောပြထားပါတယ်။
ဒီကော်ဖီဆိုင် (၁၀)ဆိုင်ဖွင့်လှစ်မယ့် နေရာတွေအဖြစ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့ တည်နေရာ (၃၅၂)မိုင်မှာ တစ်ဆိုင်၊ (၃၁၇)မိုင်မှာ နှစ်ဆိုင်၊ (၂၄၃)မိုင်မှာ သုံးဆိုင်၊ (၁၅၈)မိုင်မှာ နှစ်ဆိုင်၊ (၇၆)မိုင်မှာ တစ်ဆိုင်နဲ့ မိုင် (၄၀)မှာ တစ်ဆိုင် အသီးသီးဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။