_ မိနစ်ပိုင်းထဲမှာတင် အရန်သင့်စားလို့ရမယ့် အစားအစာရောင်းချတဲ့ဆိုင်တွေက ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံမြို့ကြီး တစ်ချို့မှာ အလျှိုအလျှိုကိုပေါ်ထွက်လာနေပါတယ်၊ အခုနှစ်ပိုင်းတွေထဲမှာလည်း KFC လိုမျိုး ကြက်ကြော်ဆိုင်တွေဟာ ဆိုရင်လည်း ပြည်တွင်းကစီးပွားဖက်နဲ့အတူ ရန်ကုန်မြို့မှာ ဖွင့်လှစ်နေပြီလည်းဖြစ်ပါတယ်၊ တစ်ဘက်မှာရော လမ်းဘေးမှာ တစ်နိုင်ရောင်းချနေကြတဲ့ မိရိုးဖလာကြက်ကြော်ဆိုင်တွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေရှိလာနိုင်မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်၊ မဇ္ဈိမသတင်းထောက် ကိုကျော်လင်းအေးက ဒီအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါ တယ်။