ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ပတ်သတ်ပြီး ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်တွေရှိနေတာမှန်ပေမယ့် ရေရှည်မှာ အကောင်အထည်ပေါ်လာဖို့ကို ဒေသခံတွေက နည်းမှန်၊လမ်းမှန်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ 7Mins အစီအစဉ်မှာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖြစ်သူ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က တိုက်တွန်းလိုက်ပါတယ်။ အထူးစီးပွားရေးဇုန်အတွင်းက မကြေလည်သေးတဲ့ မြေယာလျော်ကြေးကိစ္စနဲ့ အလုပ်သမားရေးရာကိစ္စတွေကိုလည်း မဇ္ဈိမသတင်းထောက်ကိုအောင်သူရက စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ၊ပို့ဆောင်ရေး ဒုဝန်ကြီး ဦးဟန်စိန်နဲ့ ဆွေးနွေးထားပါတယ်။