နိုင်ငံ့လူဦးရေအများစု မှီခိုနေတဲ့ စိုက်ပျိုးစီးပွားကို ခေတ်အဆက်ဆက် အဓိကထားခဲ့ပေမယ့် သိသာတဲ့ ဖွံ့ဖြိုးမှု တွေအားနည်းခဲ့သလို ဒီကဏ္ဍအတွင်းက လူမှုစီးပွားရေးတွေ နိမ့်ကျနေဆဲဖြစ်ပါတယ်၊ အခုလိုမျိုး အစိုးရသစ်တက်လာချိန် မှာတော့ အရေးကြီးတဲ့ဒီကဏ္ဍကို ပိုပြီးဖွံ့ဖြိုးလာဖို့အတွက် ဖိဖိစီးစီးတွန်းအားပေးလိမ့်မယ်လို့ အများက မျှော်လင့်နေကြပါ တယ်။ မြန်မာ့စိုက်ပျိုးစီးပွားကဏ္ဍထိရောက်တဲ့ ဖွံ့ဖြိုးမှုတွေဖြစ်လာဖို့ ဘာတွေလိုအပ်မလဲဆိုတာကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကို မေးမြန်းကြည့်တဲ့အခါမှာ အသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူက မူဝါဒ၊ငွေကြေးနဲ့ ဈေးကွက် ကောင်းတွေဖြစ်ပေါ်လာဖို့ ဆွေးနွေးထားပါတယ်။ မဇ္ဈိမသတင်းထောက် မရူပါအောင်က တင်ပြပေးထားပါတယ်။