မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ နိုင်ငံတကာအဆင့်မီဘောလုံးကွင်း လေးကွင်းပဲ ရှိပြီး ဘောလုံးကွင်းသစ်တွေ ပေါ်လာဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အစိုးရ အကူအညီတွေလိုနေပါတယ်။ ဘောလုံးအဖွဲ့ချုပ် ဘာကြောင့်အစိုးရအကူအညီလိုနေတာလဲ၊ အဖွဲ့ချုပ်ရဲ့ငွေကြေးအနေအထားကရော ဘယ်လိုရှိသလဲ စတာတွေကို သတင်းအယ်ဒီတာ ကိုရဲရင့်ဋ္ဌေးက သတင်းရယူပေးထားပါတယ်။