ပျောက်ဆုံးကွင်းဆက်နဲ့ ဂုဏ်ယူစရာ အနုပညာများ
*******************************************
ကျောက်ဆည်မြို့အနီးက တမုတ်မြို့ဟောင်းတနေရာမှာ တူးဖော်ရှာဖွေတွေ့ရှိခဲ့တဲ့ ပုဂံခေတ်ဦး၊ခေတ်နှောင်း ၊ ပင်းယခေတ် စတဲ့ ခေတ်သုံးခေတ်က ရှေးဟောင်း အနှလက်ရာတွေပြည့်နှက်နေပြီး၊ သမိုင်းယဉ်ကျေးမှုတန်ဖိုးအရလည်း ကြီးမားလှတဲ့ တမုတ်ရွှေဂူကြီးစေတီတော်ကြီးရယ်။
မင်းစည်းစိမ်ချမ်းသာကို ညီဖြစ်သူ လွဲအပ်ကာ ရဟန်းဝတ်ကာတောထွက်ခဲ့တဲ့ ပင်းယရဲ့ ဒုတိယနန်းစံဘုရင်ကြီး ဥဇနာမင်းရဲ့ မက္ခရာရွှေစည်းခုံစေတီတော်ကြီုးရယ် ။
စိတ်ဝင်စားဖွယ်ရာ ပျောက်ဆုံးနေတဲ့ သမိုင်းကွင်းဆက်အတွက်အရေးကြီးတဲ့ ကျောက်စာတစ်ချပ်အကြောင်းတို့ကို တင်ဆက်ပေးထားပါတယ်။