ZawGyi-
ရန္ကုန္ၿမိဳ႕၊ပန္းဆိုးတန္းလမ္းႏွင့္ အေနာ္ရထာ လမ္းေထာင့္ Pansodan Business Towerတြင္ ယေန႔ဧၿပီလ(၂၉) ရက္ နံနက္(၁၁ : ၃၀)ဝန္း က်င္က မီးေလာင္မႈျဖစ္ပြားခဲ႔သည္။
Pansodan Business Tower (၁၁)လႊာ၊ အခန္းအမွတ္ (၁၂၃/ ၁၃၃) ကုမၸဏီ အစည္းအေဝးခန္းတြင္ အဲကြန္း အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ႔ျခင္း ျဖစ္သည္ဟု ရန္ကုန္တိုင္းမီးသတ္ဦးစီး ႒ာနမွသိရသည္။
မီးေလာင္မႈျဖစ္ပြားရာအခန္းထဲတြင္ မိန္း ကေလးတစ္ဦးရွိေနခဲ႔ၿပီး မီးေလာင္စဥ္ ေအာက္သို႔ဆင္း၍ ေျပးလႊာေအာ္ဟစ္ အကူအညီေတာင္းခံခဲ႔သည္ဟု ရန္ကုန္ တိုင္းမီးသတ္ဦးစီး႒ာနမွဴးၾကည္ဝင္းက ဆိုသည္။
"အဲကြန္းအပူလြန္ၿပီးေလာင္တာ၊ မိန္းကေလးက ဆင္းၿပီးအကူအညီ ေတာင္းတယ္။အခန္းထဲမွာ လူေတြပိတ္မိ ေနတယ္ဆိုတာေတာ့ မဟုတ္ပါဘူး။" ဟု ရန္ကုန္တိုင္းမီးသတ္ဦးစီး႒ာနမွဴး ၾကည္ဝင္းက မဇၩိမသို႔ေျပာသည္။
မီးေလာင္ရာသို႔ မီးသတ္ယာဥ္ ၁၅ စီး ၿငိမ္းသတ္ခဲ႔ၿပီး ၁၂ နာရီဝန္းက်င္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ႔သည္။
မီးေလာင္မႈမွာ လယ္ဗယ္ (1)အဆင့္ျဖစ္ ၿပီး ဆုံး႐ႈံးမႈတန္ဖိုး (၁)သိန္းခြဲျဖစ္ေၾကာင္း၊ လူအထိအခိုက္ႏွင့္အေသအေပ်ာက္မရွိ ေၾကာင္း ရန္ကုန္တိုင္းမီးသတ္ဦးစီး႒ာနမွ သိရ သည္။
Unicode
ရန်ကုန်မြို့၊ပန်းဆိုးတန်းလမ်းနှင့် အနော်ရထာ လမ်းထောင့် Pansodan Business Towerတွင် ယနေ့ဧပြီလ(၂၉) ရက် နံနက်(၁၁ : ၃၀)ဝန်း ကျင်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
Pansodan Business Tower (၁၁)လွှာ၊ အခန်းအမှတ် (၁၂၃/ ၁၃၃) ကုမ္ပဏီ အစည်းအဝေးခန်းတွင် အဲကွန်း အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီး ဋ္ဌာနမှသိရသည်။
မီးလောင်မှုဖြစ်ပွားရာအခန်းထဲတွင် မိန်း ကလေးတစ်ဦးရှိနေခဲ့ပြီး မီးလောင်စဉ် အောက်သို့ဆင်း၍ ပြေးလွှာအော်ဟစ် အကူအညီတောင်းခံခဲ့သည်ဟု ရန်ကုန် တိုင်းမီးသတ်ဦးစီးဋ္ဌာနမှူးကြည်ဝင်းက ဆိုသည်။
"အဲကွန်းအပူလွန်ပြီးလောင်တာ၊ မိန်းကလေးက ဆင်းပြီးအကူအညီ တောင်းတယ်။အခန်းထဲမှာ လူတွေပိတ်မိ နေတယ်ဆိုတာတော့ မဟုတ်ပါဘူး။" ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဋ္ဌာနမှူး ကြည်ဝင်းက မဇ္ဈိမသို့ပြောသည်။
မီးလောင်ရာသို့ မီးသတ်ယာဉ် ၁၅ စီး ငြိမ်းသတ်ခဲ့ပြီး ၁၂ နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုမှာ လယ်ဗယ် (1)အဆင့်ဖြစ် ပြီး ဆုံးရှုံးမှုတန်ဖိုး (၁)သိန်းခွဲဖြစ်ကြောင်း၊ လူအထိအခိုက်နှင့်အသေအပျောက်မရှိ ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဋ္ဌာနမှ သိရ သည်။