နာမည်ပြောင်းလိုက်ရတဲ့ မြစ်ကြီးနားက ညီလာခံ (ရုပ်/သံ)

2017-02-17 9

ကချင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီ နဲ့ ပြည်နယ်အစိုးရတို့ ပြန်လည်ညှိနှိုင်းခဲ့ကြပြီး ကချင်အမျိုးသားညီလာခံ ဆိုတဲ့ခေါင်းစဉ်အစား ကချင်အမျိုးသား တွေ့ဆုံပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောင်းလဲကျင်းပခွင့် ရခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က ကချင်ရိုးရာမနောကွင်း၊ မဂျွယ်ခန်းမမှာ ကျင်းပတဲ့ ကချင်အမျိုးသားညီလာခံကို ပြည်နယ်အစိုးရက တားမြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်က ပြည်နယ်ရဲတပ်ဖွဲ့ ၄၀ ကျော်နဲ့ ဝိုင်းရံခဲ့ပါတယ်။

ကချင်အမျိုးသားတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံတဝှမ်းလုံးက ကချင်တိုင်းရင်းသားတွေရဲ့ ကိုယ်စားလှယ် ၁၀၀ ဦးကို ရွေးချယ်မှာ ဖြစ်ပြီး မတ်လ၊ နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးရဲ့ နိုင်ငံရေး၊လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး ၊ မြေယာနဲ့ သဘာဝသယံဇာတ အခန်းကဏ္ဍတွေမှာ ဆွေးနွေးနိုင်ဖို့ စေလွှတ်သွားမှာ ဖြစ်ပါတယ်။

Free Traffic Exchange

Videos similaires