အခုအပတ် ဒီဗီဘီ ဒီဘိတ်ကို “ယာယီသက်သေခံလက်မှတ်(white card) ရုတ်သိမ်းတာဟာ အဖြေလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ပြုလုပ်သွာခဲ့တာဖြစ်ပါတယ်။ white card ကိုဆောင်သူတွေဟာ လာမယ့် မေလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်လို့ ပြန်အပ်ရတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခုကျော်ကတည်းက အမြစ်တည်လာခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ မဲထည့်ခွင့်အပါအ၀င် ၀ှိုက်ကတ်ပြန်အပ်ရေးအငြင်းပွားနေကြတဲ့အပေါ် အဓိကဆွေးနွေးသွားခဲ့ကြပါတယ်။
ယခုပွဲစဉ်ကို အစိုးရဘက်ကလွဲလို့ White card နဲ့ တိုက်ရိုက်ပတ်သတ်တဲ့ Panel တွေက တက်ရောက်ဆွေးနွေးသွားခဲ့ကြပါတယ်။ အစိုးရကထုတ်ပြန်ထားတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ ယာယီ သက်သေခံ လက်မှတ်(White Card) ကိုင်ဆောင် သူ ၆ သိန်းခန့် ရှိတယ်လို့သိရပါတယ်။ ဒီပမာဏဟာ စစ်အစိုးရခေတ် န၀တ လက်ထပ်မှာ တစ်ဟုန်ထိုးများပြားလာတာဖြစ်တယ်လို့ ဦးကျော်မင်းက ဒီဘိတ်မှာ အခိုင်အမာပြောဆို ပါတယ်။