DVB Debate Report:"Main Challenge is people don't understand value of vote"

2016-08-19 1

အခုအပတ် ဒီဗီဘီ ဒီဘိတ် ခေါင်းစဉ်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံအတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်ပါတယ်။ ပြည်မြို့အထူးအစီအစဉ်ကနေ ပြည်မြို့မှာရိုက်ကူးပြုလုပ်သွားခဲ့တာပါ။ ဒီဘိတ် စစချင်းမှာပဲ သခင်ကိုယ်တော်မှိုင်းကွန်ရက်က ဦးချစ်ဆောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ၂၀၁၅ ရွေးကောက်ပွဲကိုကျင်းပမယ်ဆိုရင် တရားမျှတဲ့ရွေးကောက် ပွဲမဖြစ်နိုင်တဲ့အတွက် ဒါဟာ ရွေးကောက်ပွဲမတိုင်ခင် အဓိကစိန်ခေါ်မှုဖြစ်နေတယ်လို့ ဒီဘိတ်မှာ အခိုင်အမာဆွေးနွေးသွာပါတယ်။ ဒီအပေါ်ကို ပြန်လည်စောဒကတတ်ငြင်းခုံမယ့်သူသိပ်မရှိခဲ့ပေမယ့်
လက်ရှိအာဏာရပါတီက အမျိုးသားလွှတ်တော်အမတ်ကတော့ ဒီသုံးသပ်မှုကိုသိပ်ဘ၀င်ကျပုံမရခဲ့ပါဘူး။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စိန်ခေါ်မှုတွေများစွာရှိနေပြီး အဲဒီထဲမှာ ပြည်သူတွေလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်မဖြစ်နိုင်၊ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲဆက်တိုက်ဖြစ်ပေါ်ရေး နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစတာတွေဟာ အဓိကစိန်ခေါ်မှုတွေဖြစ်လာနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အာရုံစိုက်နေတဲ့ လှေစီဒုက္ခသည်အရေးအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ မဲစာရင်းပြဿနာ တွေလည်းရှိနေပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်အဆင့်အဆင့်ရဲ့ ဥပဒေပိုင်းဆိုင်ရာ အားနည်းမှုတွေဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက ထောက်ပြဆွေးနွေးပါတယ်။